ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော် ဖူးမြော်၍ ကျောက်ကလပ်သို့ သွားကြမည်
ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော် ဖူးမြော်၍ ကျောက်ကလပ်သို့ သွားကြမည် စူးစမ်းလေ့လာ သွားချင်စရာ (၁၃) ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ထင်ရှားသော ခရီးစဉ်တစ်ခုဖြစ်သည့် ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ( 16.2.2026) မှ (2.3.2026 ) ထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ဘုရားဖူးလာရောက်ရင်း တစ်ဆက်တည်း ကျောက်ကလပ်ကမ်းခြေ သို့ သွားရောက်လည်ပတ်လိုကြသော ဧည့်သည်တော်များအတွက် စုံစမ်းမေးမြန်းမှုများကို ပြန်လည်ဖြေကြားရင်း ဤခရီးသွားလမ်းညွှန်ကို ရေးသားလိုက်ရပါသည်။ [caption id="attachment_1617" align="alignnone" width="960"] ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်[/caption] ကျောက်ကလပ်ကမ်းခြေသည် သဘာဝအတိုင်း ဖြစ်ပေါ်လာသော ရေညှိခွက်များ၊ မှိုပွင့်သဏ္ဍာန် ကျောက်ကလပ်များ၊ ချောက်ကမ်းပါးများ တည်ရှိနေပြီး ရုပ်ရှင်ရိုက်ကူးရေးနှင့် အလှဓာတ်ပုံရိုက်ကူးလိုသူများကြောင့် ပိုမိုထင်ရှားလာသည့် ကမ်းခြေတစ်ခု ဖြစ်ပါသည်။ [caption id="attachment_1620" align="alignnone" width="960"] ကျောက်ကလပ်ကမ်းခြေ[/caption] လှပသော ရေညှိစိမ်းများနှင...