စူးစမ်းလေ့လာ သွားချင်စရာ (၁၀) ပုသိမ် - မော်တင်စွန်းလမ်း review
စူးစမ်းလေ့လာ သွားချင်စရာ (၁၀) ပုသိမ် - မော်တင်စွန်း လမ်း review ပုသိမ်ကနေ မော်တင်စွန်းကို ဘယ်နှစ်နာရီလောက် ကားမောင်းရလဲ၊ လမ်းကောင်းရဲ့လား စသဖြင့် မေးနေကြသော ပပ၀တီ ဧည့်ရိပ်မွန်၏ ဧည့်သည်များအတွက် ပုသိမ် - မော်တင်စွန်း လမ်းအကြောင်းကို review ရေးပြီး ဖြေကြားလိုက်ရပါသည်။မော်တင်စွန်းဆိုတာကတော့ မြန်မာနိုင်ငံ အနောက်တောင်ဘက်အစွန်း မော်တင်အငူ(Cape Nagris) ကို ခေါ်ဆိုခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တို့၏ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် မြတ်မော်တင်စွန်းတည်ရှိနေသော နေရာလည်း ဖြစ်ပါသည်။ပုသိမ် မှ မြတ်မော်တင်စွန်းအထိ ၉၅ မိုင် ရှိပြီး ပုသိမ် ကြိုးတံတား မှ စတင်ရေတွက်ခြင်း ဖြစ်ပါသည်။ [caption id="attachment_1214" align="aligncenter" width="1000"] ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်[/caption] [caption id="attachment_1221" align="aligncenter" width="1000"] ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီ၊ ရေလယ်စေတီ နှင့် ကပ္ပလီ ပင်လယ် ကမ်းခြေ[/caption] ငွေဆောင် - မော်တင် လမ်းခွဲ ( ၁၁ မိုင် - မောင်းချိန် ၃၀ မိနစ်) ပုသိမ် - ငွေဆောင်လမ်းအတိုင်း စတင်မောင်းနှင်ရ...